လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့ (၁၈:၃၀) အချိန်၌ ပန်လုံမြို့တွင် မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး (၄၅၀၀၀၀/-) ကျပ်ဖြစ်ပြီး၊ အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၃) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ လူဦးရေ (၂၄)ဦးအတွက်ထောက်ပံ့ငွေ (၅၀၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃) စုစာအား ပန်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ (၂၁-၄-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)