လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ တွင် (၀၉:ဝ၀)နာရီမှစတင်၍(၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာအုပ်စု၊ ရေယှား ကျေးရွာ၊ သစ်ကြီးတောကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာ၊ ဝက္ကတောကျေးရွာအုပ်စု၊ ဝက္ကတောကျေးရွာ၊ ပိတ်သင်းကပ်ကျေးရွာနှင့် သစ်ခေါက်ဆိပ်ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)