Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြောင်ခေါင်းကြီးအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ၊ ပန်းတင်ကျေးရွာ၊ ကန်စွန်းအင်းကျေးရွာနှင့် သာယာကြီးကျေးရွာတို့၌ (၂၀-၄-၂၀၂၀) ရက်‌နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန်အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၆၉) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄၄,၉၀ဝ/-) ကျပ်၊ ပြိုလဲအိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စုစာတို့ကို … Read more

  • Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာနှင့် နမီကျေးရွာတို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ် နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာများ၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source:           မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းအောက်စုကျေးရွာနှင့်ကံကျိုးကျေးရွာ၊ ကွင်းကောက်တောင်ကျေး ရွာအုပ်စု၊ ကွင်းကောက်တောင်ကျေးရွာ၊ ဥယျာဥ်ရပ်ကျေးရွာ၊ စံပြကျေးရွာ၊ ရွာလေးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာများ၊ ကွင်းကောက်မေ​ကြင်အုပ်စု၊ ကွင်းကောက်မြောက်ကျေးရွာတို့အတွင်းရှိ ပြည်သူများအားCovid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ​ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့​​ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020

  • Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁-၄-၂၀၂၀) ရက်နေ့တွင် ​ကျိုက်လတ်မြို့နယ်၊​​​ ကွင်း​ချောင်းကြီး​ကျေးရွာ၊ အရွဲ​ကျေးရွာ၊ အိုင်သရဲ​ကျေးရွာ၊ ကွန်ပလိုင်း​ကျေးရွာ၊ သရက်​တော​ကျေးရွာ၊ အိမ်ယာကြီး​ကျေးရွာ၊ ကွပ်လိပ်​ကျေးရွာ၊ သရက်ငူအထက်၊ သရက်ငူ​အောက်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_apr2020 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၀၉းဝ၀)နာရီအချိန်​မှ၊ (၁၃း၃၀)နာရီအချိန်​ထိ ထီးလင်းမြို့နယ်​၊ ပုဏ္ဏား​ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ​ရွှေဂုံတိုင်​​ကျေးရွာတို့တွင်​ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို မာဃ သဟာယ လူမှုအ​ထောက်​အကူပြုအဖွဲ့နှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020

  • ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020

  • သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ တလုတ်ကုန်းကျေးရွာအုပ်စု၊ တလုတ်ကုန်းကျေးရွာ၊ ကြက်ကုန်းကျေးရွာ၊ ဆိတ်ကြီးကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၁-၄-၂၀၂၀)ရက်နေ့၌ (၁၀၀၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      (၂၁-၄-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ မပုတေးကျေးရွာနှင့် အောက်ကျင်းကျေးရွာအတွင်းရှိ ပြည်သူ များအား covid-19 ရောဂါနှင့်ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speakerဖြင့် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events