နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၄) ရက်နေ့
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲအတည်ပြုပြီးဖြစ်သည့်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ သက်ဆိုင်ရာစခန်းများရှိ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် စခန်းတွင် နေထိုင်သူများက အောက်ပါလုပ်ငန်းရပ်များကိုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ü စခန်းများတွင်တပ်ဆင်ပေးထားသော လက်ဆေးဘေစင်များတွင် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောပါ၊
ü အများသုံးအိမ်သာများနှင့် ရေချိုးရန်နေရာများကိုအသုံးပြုရာတွင် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြု ရန်နှင့် အချင်းချင်းထိတွေ့မှုအနည်းဆုံးဖြစ်စေရေး သတိပြုဆောင်ရွက်ပါ၊
ü စခန်းများတွင်နေထိုင်လျက်ရှိသည့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအား ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် အထူးသတိပြုနေထိုင်ပါ၊
ü နေ့စဉ်ကိုယ်ပူချိန်တိုင်းခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် ပညာပေးခြင်း တို့ကို စခန်းတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စနစ်တကျအလှည့်ကျတာဝန်ယူ ဆောင်ရွက်ပါ၊
ü စခန်းတွင်းနေထိုင်သူများ ပြင်ပသို့ သွားလာခြင်းမပြုလုပ်ရန်နှင့် မဖြစ်မနေအပြင်ထွက်ရန် လိုအပ်သူများက စာရင်းရေးသွင်းပြုစုထားပြီး အဝင်/ အထွက်ပြုလုပ်တိုင်း ပုံမှန်အပူချိန်တိုင်းတာခြင်း၊ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်း (သို့မဟုတ်) အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းများကို တိကျစွာ ဆောင်ရွက်ပါ၊
ü စခန်းတွင်းသို့ ပြင်ပမှဧည့်သည်များဝင်ရောက်ခြင်းကို တားမြစ်ထားပါ၊
ü COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊တုံ့ပြန်ရေးနှင့် စပ်လျဉ်း၍စခန်းအတွင်းထူးခြားဖြစ်စဉ်များနှင့် လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ပါ၊
ü COVID-19 ရောဂါလက္ခဏာများတွေ့ရှိရပါက ညွှန်ကြားထားသည့် လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ် အတိုင်း လိုက်နာဆောင်ရွက်ပါ။
ü စောင့်ကြည့်လူနာများနှင့်သံသယလူနာများကို အချိန်မီလွှဲပို့နိုင်ရေးအတွက် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ကြိုတင်ချိတ်ဆက် ထားပါ၊
ü COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
#ar