ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၀၉းဝ၀)နာရီအချိန်​မှ၊ (၁၃း၃၀)နာရီအချိန်​ထိ ထီးလင်းမြို့နယ်​၊ ပုဏ္ဏား​ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ​ရွှေဂုံတိုင်​​ကျေးရွာတို့တွင်​ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို မာဃ သဟာယ လူမှုအ​ထောက်​အကူပြုအဖွဲ့နှင့် ပူးပေါင်း၍ အသိပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020

Sign Up

Upcoming Events