Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁-၄-၂၀၂၀) ရက်နေ့တွင် ​ကျိုက်လတ်မြို့နယ်၊​​​ ကွင်း​ချောင်းကြီး​ကျေးရွာ၊ အရွဲ​ကျေးရွာ၊ အိုင်သရဲ​ကျေးရွာ၊ ကွန်ပလိုင်း​ကျေးရွာ၊ သရက်​တော​ကျေးရွာ၊ အိမ်ယာကြီး​ကျေးရွာ၊ ကွပ်လိပ်​ကျေးရွာ၊ သရက်ငူအထက်၊ သရက်ငူ​အောက်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#ayy_apr2020

Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events