Author Archives: Department of Disaster Management

  • လက်သန့်ဆေးရည်ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၁) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ခန္တီး-ဟုမ္မလင်းမြို့ဝင်ဂိတ်တွင် အသုံးပြုရန်အတွက် လက်သန့်ဆေးရည်(၁၀)ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_sgg2021

  • အသိပညာပေးဗီနိုင်းဆိုင်းဘုတ် လဲလှယ်တပ်ဆင်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးဈေး၊ ရွှေကြာပင်ဈေး၊ လယ်ဝေးမြို့နယ်၊ မြို့မဈေးအနီးနှင့် ပျဉ်းမနားမြို့နယ်၊ ရွှေညောင်ပင်ကားဂိတ်အနီးတို့တွင် (၈-၁-၂၀၂၁) ရက်နေ့တွင် ဆိုင်းဘုတ်လဲလှယ်တပ်ဆင်ပေးခဲ့ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2021

  • ရေသန့်ဆေးများ ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၁) ရက်နေ့တွင် မိတ္ထီလာမြို့ Q Center ဖွင့်လှစ်ထားရှိသည့် မိတ္ထီလာတက္ကသိုလ်တွင် ကြီးကြပ်တာဝန်ဆောင်ရွက်ပေးနေသည့် မိတ္ထီလာခရိုင်ကြက်ခြေနီအဖွဲ့၊ ခရိုင်တာဝန်ခံထံသို့ ရေသန့်ဆေး(၁)ဘူးလျှင် (၂၄၀)ထုပ်ပါ (၁၃)ဘူးကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ort #mdy_jan2021

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် PPEဝတ်စုံများ၊ လက်ဆေးဘေစင်များနှင့် Handgel များပေးအပ်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၁) ရက်နေ့တွင် လွိုင်လင်မြို့၊ လွိုင်လင်(Covid-19)ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့သို့ PPE ဝတ်စုံများနှင့် လက်ဆေးဘေစင်အားလည်းကောင်း၊ ပင်လုံမြို့မှ ပင်လုံCovid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ လက်ဆေးဘေစင်နှင့် (500)ml ပါ Handgel ဘူးများအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_jan2021

  • လက်သန့်ဆေးရည်ဘူးများအား သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၁) ရက်နေတွင် မြို့သစ်မြို့နယ်(Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer(500ml)ပါ (၅၀)ဘူး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနသို့ Hand Sanitizer (500ml)ပါ(၂၅)ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြို့သစ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mgw_jan2021

  • လက်သန့်ဆေးရည်ဘူးများအား သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့၊ မြို့နယ် Covid-19 ကော်မတီသို့ လက်သန့်ဆေးရည် ဘူး (၂၅) ဘူးအားသွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_jan2021

  • ရေသန့်ဆေးအသုံးပြုပုံသရုပ်ပြခြင်းနှင့် ရေသန့်ဆေးထုပ်များအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၂၁) နေ့တွင် မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာနှင့် အောက်စသာကျေးရွာတို့တွင် ရေသန့်ဆေးထုပ် အသုံးပြုပုံ သရုပ်ပြခြင်းနှင့် ရေးသန့်ဆေးထုပ် (၂၄၀) ထုပ်ပါ (၈) ဖာကို သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_jan2021

  • မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းဆောင်အတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ မီးဘေးသင့်ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ မီးဘေးသင့် သံဃာတော်(၇)ပါးအတွက် စုစုပေါင်းသင်္ကန်းဖိုးငွေ (၂၄၅,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၅,၀၀၀)ကျပ်တို့အား (၇-၁-၂၀၂၁) ရက်နေ့ (၁၁: ၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #tny_jan2021

  • ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက် နေ့တွင် ဖားကန့်မြို့နယ်၊ မော်၀မ်းရပ်ကွက်၊ မော်၀မ်းလေးအပိုင်း ကျောက်စိမ်းတောင်ကုမ္ပဏီ လုပ်ကွက်ဟောင်းကမ်းပါးယံ၌ ဖြစ်ပွားခဲ့သော ကျောက်ရောမြေစာ လျှောကျလာပြီး ရေမဆေး ကျောက်ရှာဖွေနေသူ (၅) ဉီးတို့တွင် မြေစာပြိုကျမှုကြောင့် ဒဏ်ရာရသူ (၁) ဉီးနှင့် သေဆုံးသူ (၄) ဉီးတို့အတွက် ဒဏ်ရာရသူ (၁) ဉီးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ (၁) ဉီးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-) ကျပ်၊ … Read more

  • မီးဘေးအသိပညာပေးဗီနိုင်းမြေစိုက်ဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇-၁-၂၀၂၁) ရက်နေ့တွင် မီးဘေးအသိပညာပေးဗီနိုင်း မြေစိုက်ဆိုင်းဘုတ် (၁) ခုအား မောင်တောမြို့၊ မြို့မဈေးကြီးအရှေ့ဘက်ခြမ်း ဦးဥတ္တမလမ်းတွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #rke_jan2021

Sign Up

Upcoming Events