
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကပြေးဈေး၊ ရွှေကြာပင်ဈေး၊ လယ်ဝေးမြို့နယ်၊ မြို့မဈေးအနီးနှင့် ပျဉ်းမနားမြို့နယ်၊ ရွှေညောင်ပင်ကားဂိတ်အနီးတို့တွင် (၈-၁-၂၀၂၁) ရက်နေ့တွင် ဆိုင်းဘုတ်လဲလှယ်တပ်ဆင်ပေးခဲ့ပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_jan2021