ထောက်ပံ့မှုသတင်း


လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက် နေ့တွင် ဖားကန့်မြို့နယ်၊ မော်၀မ်းရပ်ကွက်၊ မော်၀မ်းလေးအပိုင်း ကျောက်စိမ်းတောင်ကုမ္ပဏီ လုပ်ကွက်ဟောင်းကမ်းပါးယံ၌ ဖြစ်ပွားခဲ့သော ကျောက်ရောမြေစာ လျှောကျလာပြီး ရေမဆေး ကျောက်ရှာဖွေနေသူ (၅) ဉီးတို့တွင် မြေစာပြိုကျမှုကြောင့် ဒဏ်ရာရသူ (၁) ဉီးနှင့် သေဆုံးသူ (၄) ဉီးတို့အတွက် ဒဏ်ရာရသူ (၁) ဉီးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ (၁) ဉီးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-) ကျပ်၊ သေဆုံးသူ (၁) ဉီးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် သေဆုံးသူ (၄) ဉီးအတွက် ထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၅၀,၀၀၀/-) ကျပ်အား (၇ – ၁ – ၂၀၂၁) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_otr
#kcn_Jan2021
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events