
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ မီးဘေးသင့်ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀)ကျပ်၊ မီးဘေးသင့် သံဃာတော်(၇)ပါးအတွက် စုစုပေါင်းသင်္ကန်းဖိုးငွေ (၂၄၅,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၅,၀၀၀)ကျပ်တို့အား (၇-၁-၂၀၂၁) ရက်နေ့ (၁၁: ၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_jan2021