Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source:           ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေပြင်းဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီမှူးရုံးမှ ကောလင်းမြို့နယ်တွင် (၂၁.၄.၂၀၂၀)ရက်ေန့.(၁၇.၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလှန်ပျက်စီးသွားသော ရပ်ကွက်/ကျေးရွာအုပ်စု(၂၀)၊ ကျေးရွာခွဲ(၃၃)မှ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ အိမ်ထောင်စု(၆၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂,၄၈၀,၀၀၀ိ/-)နှင့် လူဦးရေ(၂၂၇)ဦးအတွက် ဆန်ရိက္ခာ ဖိုး(၅၈၁,၇၀၀ိ/-)၊ စုစုပေါင်း (၃,၀၆၁,၇၀၀ိ/-)အား (၂၃.၄.၂၀၂၀)ရက်နေ့ နေ့လည်(၁၃း၀၀)ချိန်တွင် လွှတ်ေတာ် ကိုယ်စားလှယ်များ နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #sgg_apr2020 Source:           ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် လင်းခေးမြို့နယ်၊ ပင်ပေါင်ကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ဗမာ၊ ရှမ်း ဘာသာစကား (၂) မျိုးဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source:           လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN  Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍(၂၃- ၄- ၂၀၂၀)ရက်နေ့တို့တွင် နံနက်(၁၀း၄၅)အချိန်မှ(၁၁း၄၅)အချိန်ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ချင်းကွင်းကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)မှ(၁၂း၃၀)ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကိုင်းတောကွင်းကျေးရွာတွင် လည်းကောင်း Covid-19ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_apr2020 … Read more

  • Covid-1 ကြိုတင်ကာကွယ်ရေးအသိပညားပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020   Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ (၂၃ -၄-၂၀၂၀) ရက်နေ့တွင် ထူးကြီးမြို့ပေါ်ရှိ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်များအတွင်းရှိ ပြည်သူများအားCovid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက် အလက်များကို ​ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့​​ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်အတွင်း (၂၁.၄.၂၀၂၀)နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အင်းတော်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၁၉၈)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၁၉၈,၆၀၀ိ/-)တို့ကို (၂၃.၄.၂၀၂၀)နေ့(၁၅း၀၀)နာရီအချိန်၌ ေဘးသင့်ပြည်သူထံသို့ လည်းကောင်း၊ ဗန်းမောက်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု(၄၇)စု၊ ပြိုလဲနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၄၅၂,၂၀၀ိ)၊ ဝန်းသိုမြို့နယ်အတွင်းရှိရပ်ကွက် ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၆၅,၁၀၀ိ)၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အမိုးလန်အိမ်ထောင်စု (၁၅)စု၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ပြိုလဲနေအိမ်(၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၃)အိမ်ထောင်စာ၊ … Read more

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရာမညလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ​ရေရှားပါးမှုကြုံတွေ့နေရသော မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်စိုးရပ်နေပြည်သူများအား သောက်သုံးရေ(၆၀၀) ဂါလန်ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mon_apr2020

  • Covid19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၁၆၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ အလယ်တောကျေးရွာနှင့် စာထားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားသိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_apr2020 Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid19 အသိပညာပေးဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအ‌ထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တော်၀င်ကျေးရွာ၊ မွှေလယ်ကျေးရွာနှင့် နှမ်းခါး ကျေးရွာများသို့ (၂၃-၄-၂၀၂၀)ရက်နေ့(၀၈:၃၀) နာရီ မှ(၁၄:၃၀) နာရီအချိန်ထိCOVID-19ရော ဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events