လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍(၂၃- ၄- ၂၀၂၀)ရက်နေ့တို့တွင် နံနက်(၁၀း၄၅)အချိန်မှ(၁၁း၄၅)အချိန်ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ချင်းကွင်းကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)မှ(၁၂း၃၀)ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကိုင်းတောကွင်းကျေးရွာတွင် လည်းကောင်း Covid-19ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)