Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအ‌ထောက်အကူပြုအဖွဲ့ တို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာနှင့် ရေရှင်မကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူ့သို့အသိပညာပေး ပန် ကြားချက်ကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ဆင်ချောင်းကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ သံဖြူ စုကျေးရွာနှင့် ရွာသစ်စုကျေးရွာတို့၌ Covid-19 ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန်များ၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_apr2020 Source:           မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ချင်းစုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ချမ်းသာကြီးရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_apr2020 Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီ အချိန်ထိ ဖာပွန်မြို့နယ်ရှိ ရှမ်းကိုင်းကျေးရွာ၊ ကူးဆိပ်ကျေးရွာနှင့် မထောကျေးရွာတို့တွင် COVID -19 ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_apr2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၂၄-၄-၂ဝ၂ဝ)ရက်နေ့ (၀၉:၃၀)အချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း (၂၁-၄-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁၄၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄,၅၁၀,၀၀ဝိ/-)၊ ဘာသာရေးကျောင်း(၄)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၆၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁,၃၉၈,၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၁၀၈,၆၀ဝိ/-)တို့ကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့၏ ရှေ့မှောက်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #sgg_apr2020 Source:           ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ တောညောင်ပင်သာ ကျေးရွာအုပ်စု၊ ​အင်ပင်လှကျေးရွာ၊ ​ကြေးခိုင်မကျေးရွာ၊ ပိတောက်စမ်းကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020 Source:           ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄-၄-၂၀၂၀)ရက်နေ့တွင် (၁၀း၀၀)အချိန်မှစ၍ (၁၄း၀၀)အချိန်ထိ ယင်းမာပင်မြို့နယ်၊ ရွာသာကျေးရွာ၊ ပြန်လှည့်ကျေးရွာ၊  ပ-သီးကုန်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ စည်လှောင်ကျေးရွာ၊ အောင်ချမ်းအေးကျေးရွာ၊ ရွှေစုကျေးရွာ၊ သကြားစက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်းနှင့်အတူ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_apr2020 Source:           ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှစ၍ နေ့လည်(၁၃းဝဝ)နာရီအချိန်ထိ  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ ဈေးရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ စာရေးကုန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်နှင့် သံကြိုးတိုင်ရပ်ကွက်ရှိ ပြည်သူများအား လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_apr2020 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီချိန်မှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ အနောက်ဘက်ကမ်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ COVID-19 ကူးစက်မြန်အဆုတ်ရောင် ရောဂါပြန့်ပွားမှုများမရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်တို့ကို အသံချဲ့စက်ဖြင့် အသိပညာပေးဆော်သြခြင်း နှင့်အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_apr2020 Source:           ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြတ်ပါရမီပရဟိတအသင်းတို့ပူးပေါင်း၍ (၂၄.၄..၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အောင်သီရိရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ ပြည်တော်အေး၊ ရွှေဘုံသာ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့တွင် လက်ကမ်းစာစောင်များဝေငှခြင်း၊ COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020 Source:           သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events