လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၂၄-၄-၂ဝ၂ဝ)ရက်နေ့ (၀၉:၃၀)အချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း (၂၁-၄-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁၄၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄,၅၁၀,၀၀ဝိ/-)၊ ဘာသာရေးကျောင်း(၄)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၆၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁,၃၉၈,၆၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၁၀၈,၆၀ဝိ/-)တို့ကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့၏ ရှေ့မှောက်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_apr2020
Source: ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)