လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့ တို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာနှင့် ရေရှင်မကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူ့သို့အသိပညာပေး ပန် ကြားချက်ကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)