Author Archives: Department of Disaster Management

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ချောင်းတက်ကျေးရွာနှင့် မကျည်းဇောက်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး ပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် (၀၉း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ ရေစကြိုမြို့နယ်၊ ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ နှင့်ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရေစကြိုမြို့နယ်လူငယ်ကွန်ယက်အဖွဲ့၊ လူငယ်ရေးရာကော်မတီတို့နှင့် ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020

  • COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၁၆:၃၀)နာရီအချိန်မှစ၍ ည(၂၁:ဝဝ)နာရီအချိန်ထိ  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ ကွယ်လွယ်ကျေးရွာ၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ မဟာစည်ရပ်ကွက်၊ ဦးဘချိုလမ်းမကြီးနှင့် ကမ်းနားလမ်းတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၀၉:ဝ၀) အချိန်မှ (၁၉:ဝဝ) အချိန်ထိ ကန်တော်ကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ငဖောင် ကန်ကျေးရွာနှင့် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၁၇၀၀) အချိန်၌ မိုးညှင်းမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များအား သိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar # kcn_ apr 2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့‌တွင် ဝက်လက်မြို့နယ် ၊ရှိမ်းမကားကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အင်ဒေါင်းကျေးရွာ၊ မင်းရွာ(တောင်)ရွာ၊ တမာကန်ကျေးရွာ၊ တပ်ရွာအထက်ရွာ၊ တပ်ရွာအောက်ရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေး ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_ apr 2020

  • ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများ၌ Maskနှင့် ဆပ်ပြာများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps)၊ (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)စု လူဦးရေ (၁၃၈)ဦးနှင့် ပန်ကူအိမ်ထောင်စု (၁၀၅)စု  လူဦးရေ (၆၃၆)ဦးအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များကို  အသိပညာပေးဟောပြောခြင်းနှင့်  အိမ်ထောင်စုတစ်စုလျှင် Mask (၂)ခုနှင့် ဆပ်ပြာခဲ (၁) တောင့်နှုန်း၊ စုစုပေါင်းအိမ်ထောင်စု(၁၃၅)စု လူဦးရေ (၇၇၄)ဦးအတွက်  Masksနှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ မော်ဖောင်းလော်ဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ နန်းကွေ့စိန်ယောဟန် IDPs စခန်းများရှိအိမ်ထောင်စု (၁၀၅)စု အတွက် ဆပ်ပြာ(၂၁၀)ခဲ၊ mask(၂၁၀)ခု၊ Covid-19 အသိပညာပေး Flow Chart ဗီနိုင်းပိုစတာ(၃)ခု တို့အားသွားရောက် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_ apr 2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်၊ ဘဲများကျေးရွာအုပ်စု၊ စီရင်စုကျေးရွာတွင် (၂၅-၄-၂၀၂၀)ရက် (၁၅း၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးမှ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄,၇၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၁) အိမ်ထောင်စာတို့ကို (၂၆-၄-၂၀၂၀)ရက်နေ့ (၁၂း၃၀)အချိန်၌ ဘေးသင့်မိဘပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mdy_ apr 2020

Sign Up

Upcoming Events