လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၀၉:ဝ၀) အချိန်မှ (၁၉:ဝဝ) အချိန်ထိ ကန်တော်ကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ငဖောင် ကန်ကျေးရွာနှင့် ရေမျက်အုပ်စု၊ ရေမျက်ကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)