လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် (၀၉း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ ရေစကြိုမြို့နယ်၊ ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ နှင့်ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရေစကြိုမြို့နယ်လူငယ်ကွန်ယက်အဖွဲ့၊ လူငယ်ရေးရာကော်မတီတို့နှင့် ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_ apr 2020