Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် (၉:၀၀)အချိန်မှ ( ၁၆: ၀၀) အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ထနောင်းပကား(တ)ကျေးရွာ၊ ထနောင်းပကား(မ)ကျေးရွာ၊ ထောက်ကြံ့အိုင်ကျေးရွာ၊ ချောင်းကွေ့ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါကြောင်းနှင့် ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များ၊ လေပြင်းဘေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_may2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၌ (၃-၅-၂၀၂၀) ရက်နေ့၊ (၀၁:၁၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၄-၅-၂၀၂၀) ရက်နေ့၊ (၁၃:၂၀) နာရီအချိန်တွင် … Read more
-
အဝီစိတွင်းနှင့် ရေစင်တည်ဆောက်ရန်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်ဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်အောက်ပိုင်း၊ ကမ်းနားလမ်း၌ အဝီစိတွင်း(၁)တွင်းနှင့် ဂါလန်(၅၀၀)ဆံ့ရေစင်တည်ဆောက်ရန် ထောက်ပံ့ငွေ (၂,၄၀၀,၀ဝဝ/-) ကျပ်ကို မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် မိုးနဲမြို့နယ်၊ နားခံ ကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာနှင့် ကာမလန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၁၀)လုံး၊ လူဦးရေ (၄၃)ဦး လေဘေးသင့်ခဲ့ပြီး ထိခိုက်ပျက်စီးသွားသော (တစ်စိတ်တစ်ပိုင်း) နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၈၀,၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခါဖိုး (၉၀,၃၀၀)ကျပ်၊ စုစုပေါင်း (၆၇၀,၃၀၀) ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့၌ နှစ်စဉ်မိုးတွင်းကာလအတွင်း ဘီးလင်းမြစ်ရေဝင်ရောက်၍ ရေဘေးသင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂,၂၀၀,၀၀ဝ/-)ကျပ်တို့ကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၄-၅-၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ တပ်ကုန်းမြို့နယ်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ညောင်ပင်ဝင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကံသာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ (၁-၅-၂၀၂၀) နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ် ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-)ကျပ်၊ family kits (၁) ပုံး တို့အား (၄-၅-၂၀၂၀) နေ့ (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူထံသို့ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်း(န)စုကျေးရွာ၊ ပေါက်ချောင်း(ထ)စုကျေးရွာ၊ ပလောင်းကျေးရွာအုစု၊ ပလောင်းကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ကမ္ဘားဖြူကျေးရွာအုပ်စု၊ ကျောက်လုံးကျေးရွာတို့၌ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၉၁) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅၀,၀၀၀/-) ကျပ်တို့ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူး၊ ပလောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကမ္ဘားဖြူကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၄-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် တုံတာမြို့ပေါ်ရှိ ရပ်ကွက် (၁၊၂၊ ၃၊ ၄) များအတွင်း Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဗမာ၊ ရှမ်း (၂) ဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ နံရံ ကပ်စာစောင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွာသာကျေးရွာ၊ ၀က်ချီပါကျေးရွာ၊ တောဖို့ကျေးရွာနှင့် လီလင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
