Author Archives: Department of Disaster Management
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင်၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာနှင့် လျားဒူကျေးရွာများသို့ သောက်သုံး ရေဂါလံ (၁,၄၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၇:၃၀)မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုအတွင်းရှိ အရှေ့ရွာကြီး ကျေးရွာ၊ အရှေ့ရွာလေးကျေးရွာ၊ အလယ်ရွာကျေးရွာ၊ အနောက်ရွာကြီးကျေးရွာ၊ အနောက်ရွာလေး ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
မိုးကောင်းမြို့နယ် IDPs စခန်းများအတွင်း လက်ဆေးဘေစင်၊ အပူချိန်တိုင်းကိရိယာ၊ Maskများနှင့် လက်သန့်စင်ဆေးရည်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်၌ မိုးကောင်းမြို့နယ်၊ မိုးကောင်းနှစ်ခြင်းမူကြိုကျောင်း၊ နတ်ကြီးကုန်း IDPs စခန်းရှိ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၇) ဦးအတွက် လက်ဆေးဘေစင်(၁) စုံ၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ အဝတ်Mask (၉၄) ခု၊ လက်သန့်စင်ဆေးရည် (၂၀) ဗူး၊ Hand Speaker (၁) ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်း ထားသော Momery Stick(၁)ခုနှင့် အသိပညာပေးဗွီနိုင်း (၁) ခုတို့အား … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၀၉:၀၀)အချိန်၌ မိုးကောင်းမြို့နယ်၊ပွင့်ဖြူကျေးရွာ၊ကုန်းတန်းကြီးကျေးရွာ၊ လေသာကုန်းကျေးရွာနှင့် ပင်းဘောကျေးရွာ တို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆော်ဩခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၁၂ – ၅ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဖာပယ်အဲကျေးရွာ၊ ပန်လီကျေးရွာနှင့် ပန်လီ(ကချင်)ကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူကျေးရွာနှင့် ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူ တော်ကျေးရွာများသို့ သောက်သုံးရေဂါလံ (၁,၄၀၀) ကို သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီ အချိန်မှ(၁၃:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု ဇရစ်ချောင်ကျေးရွာ၊ ဘိုးသကြားရပ်ကွက်၊ ဘောဂရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင် မင်္ဂလာရပ်ကွက်၊ လေသာကုန်းအနောက်ရပ်ကွက်၊ အလံတရာရသေ့မတန်းရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗွီနိုင်းပိုစတာ ကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါကော့ကျေးရွာနှင့် ဆင်တောင်ကျေးရွာ အုပ်စု၊ လီဝိုးကျေးရွာများသို့ သောက်သုံးရေဂါလံ (၃,၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်ခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၇:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်ထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ (၁၃:၀၀)နာရီအချိန်အထိ ကလေးမြို့ပေါ်ရှိ တပ်ဦးသီတာရပ်ကွက်၊တောင်ဖီလာရပ်ကွက် ၊သဇင်ရပ်ကွက် ၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက် ၊ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ ကလေးမြို့ စက်မှုဇုံ ၊ အင်ဒိုင်းကုန်းရပ်ကွက် ၊မြို့လှရပ်ကွက်၊ အောင်ဇေယျရပ်ကွက် နှင့်အောင်မြေမာန်ရပ်ကွက်များသို့သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
