လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်၌ မိုးကောင်းမြို့နယ်၊ မိုးကောင်းနှစ်ခြင်းမူကြိုကျောင်း၊ နတ်ကြီးကုန်း IDPs စခန်းရှိ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၇) ဦးအတွက် လက်ဆေးဘေစင်(၁) စုံ၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ အဝတ်Mask (၉၄) ခု၊ လက်သန့်စင်ဆေးရည် (၂၀) ဗူး၊ Hand Speaker (၁) ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်း ထားသော Momery Stick(၁)ခုနှင့် အသိပညာပေးဗွီနိုင်း (၁) ခုတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)