Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် (၁/၂/၃/၄) ရပ်ကွက်၊ စက်မှုဇုံ (၁)၊ စက်မှုဇုံ (၂)၊ စက်မှုဇုံ (၃)တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source:           ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ပလုံးကျေးရွာ၊ သကရိုင်ကျေးရွာ၊ စားမြိန်တောင်ကျေးရွာ၊ တညက်အနောက်ကျေးရွာ၊ ကျောင်းတောင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ရာအိမ်မှူးများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source:           မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကတွန်ကျေးရွာနှင့် ပန်းကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020

  • Covid-1 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၁၄.၅ .၂၀၂၀)နေ့တွင် ရွှေဘိုမြို့နယ်၊ ယာယီဈေးအတွင်းတွင် covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များနှင့် ‌သွေးလွန်တုပ်ကွေး ကာကွယ်ရေးအသိပညာပေးခြင်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #‌ar #sgg_may2020 Source:       ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဘောင်ဘဲ့တန်းကျေးရွာ အုပ်စု၊ ကန်‌ပေါက်ကျေးရွာရှိ အိမ်ခြေ (၂၃၉) လုံး၊ အိမ်ထောင်စု (၂၉၀) စု၊ လူဦးရေ (၁၃၉၄) ဦး တို့ အတွက် သောက်သုံးရေဂါလံ (၃,၆၀၀) အား (၁၄-၅-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) အချိန်တွင် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း ကာ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီ အချိန်တွင် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၅) ရွာ၌ ဖြစ်ပွားခဲ့သော လေပြင်း ဘေးကြောင့် ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၂၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၇,၄၀၀/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၆၃,၇၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့အား (၁၄-၅-၂၀၂၀) … Read more

  • Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဆန်းကျေးရွာနှင့် ဝမ်မုံကျေးရွာ၌ Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်း၊ မြန်မာ (၂) ဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ပွင့်ဖြူမြို့နယ်၊ ​​​​​ညောင်ပင်ရွာကျေးရွာ၊ ​​​​အင်​ဒေါင်းကျေးရွာ၊ ​​သ​မော်အင်းကျေးရွာ၊ ​​​​ဖလံ​တော​​နှောချင်း​ကျေးရွာ၊ လက်ပံချီ​ပေါ်ကျေးရွာနှင့် ​​ညောင်ပင်သာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ၀က်လက်မြို့နယ်၊ ရွှေကျင်(အနောက်)ကျေးရွာတွင် (၁၃.၅..၂၀၂၀)နေ့ ( ၂၁: ၀၀)နာရီတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး( ၆၃၀ဝိ/-) ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)၊ စုစုပေါင်း(၁၀၆၃၀ဝိ/-)ကို (၁၄. ၅..၂၀၂၀) နေ့ ( ၁၂:၁၅ )နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #sgg_may2020 Source:       ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ (၀၈း၀၀) နာရီမှ (၁၂း၀၀) နာရီထိ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု အတွင်းရှိ ပေါက်တောကျေးရွာ၊ ပေါက်ကွဲကျေးရွာ၊ ကျောက်တလုံးကျေးရွာ၊ ကူးတို့ဆိပ်ကျေးရွာနှင့် ရှမ်းချောင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပက်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020

Sign Up

Upcoming Events