လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဘောင်ဘဲ့တန်းကျေးရွာ အုပ်စု၊ ကန်ပေါက်ကျေးရွာရှိ အိမ်ခြေ (၂၃၉) လုံး၊ အိမ်ထောင်စု (၂၉၀) စု၊ လူဦးရေ (၁၃၉၄) ဦး တို့ အတွက် သောက်သုံးရေဂါလံ (၃,၆၀၀) အား (၁၄-၅-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) အချိန်တွင် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း ကာ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)