လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ပလုံးကျေးရွာ၊ သကရိုင်ကျေးရွာ၊ စားမြိန်တောင်ကျေးရွာ၊ တညက်အနောက်ကျေးရွာ၊ ကျောင်းတောင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ရာအိမ်မှူးများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_may2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)