Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဆန်းကျေးရွာနှင့် ဝမ်မုံကျေးရွာ၌ Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်း၊ မြန်မာ (၂) ဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_may2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events