Author Archives: Department of Disaster Management

  • သဘာဝဘေးဒဏ်ခိုလုံရာ School Cum Shelter အဆောက်အဦးမြေနေရာတွင် သံဃာတော်များမှမြေသန့် ကမ္မဝါရွတ်ဖတ်ခြင်း၊ ပရိတ်တရားနာခြင်းနှင့် ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ အမျိုးသား သဘာဝဘေး အန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အထက(ခွဲ)ကျောင်းတွင် တည်ဆောက်မည့် သဘာဝဘေးဒဏ်ခိုလုံရာ School Cum Shelter အဆောက်အဦးမြေနေရာတွင် သံဃာတော်များမှမြေသန့် ကမ္မဝါရွတ်ဖတ်ခြင်း၊ ပရိတ်တရားနာခြင်းနှင့် ပန္နက်တင်ခြင်းအခမ်းအနားများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီခန့်ဥက္ကဌ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာမှတာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီတို့နှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #infar_dev #sgg_jan2021

  • လက်သန့်ဆေးရည်၊ ရေသန့်ဆေးနှင့် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများ ထောက်ပံ့လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ စက်ရုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် သစ်လေးလုံးကျေးရွာ၊ မြတ်စုမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများအတွက် Hygiene kit (၂၇)ဖာ ၊ Hand gel 500mlဘူး (၇၅)ဘူး၊ ရေသန့်ဆေး(၅)ဖာနှင့် သဘာဝဘေးများအတွက် အသိပညာပေးဗွီနိုင်းပိုစတာများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_jan2021     Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ၊ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁- ၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် မှ (၁၆:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးရွာ၊ ပုရွက်ဆိတ်ကုန်းရွာ၊ လဲလုအိုင်ရွာ၊ နတ်သရဲကျေးရွာနှင့် ငကောင်းကံအုပ်စု၊ ငကောင်းကံရွာ၊ ဇောင်ချမ်း ကုန်းရွာ၊ ဝက်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ၊ သဘာဝဘေးအသိပညာပေးဗွီးနိုင်းပိုစတာများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်ဇလွန်းကျေးရွာနှင့် တလိုင်းတောင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာနှင့်‌ ကော့ခလွယ်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေ ရေး အသိပညာပေးခြင်း၊ အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jan2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့ တွင် ချောက်မြို့၊ အမှတ် (၁၊ ၂ ၊ ၃၊ ၄၊ ၅) ရပ်ကွက်တို့တွင် COVID- 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်း၊ Hand Gel များဖြန့်ဝေခြင်းတို့ကို ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_Jan2021 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၁)ရက်နေ့၌ တနင်္သာရီမြို့နယ်၊ မောတောင် မြို့၊ မြို့မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြိုနယ်၊ ‌ရမ်ပူရပ်ကွက်၊ နယ်‌မြေ(၁၃)တွင်၊ (၁၄-၁-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၁၉-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူမီး‌ဘေးသင့်ပြည်သူများနေအိမ်၌ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jan2021 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၊ နေ့လယ်(၁၅:၃၀) အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် KOICA မှ လှူဒါန်းသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်ထောင် (၃၆၃) လုံးနှင့် တာပေါ်လင် (၃၆၃)စ တို့အား စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များထံ သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_jan2021

  • Covid-19 အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ အမှတ် (၂)ရပ်ကွက်၊ နန်းကောတိုးကျေးရွာနှင့် ကော့နွဲကျေးရွာတို့၌ Covid-19 ကူးစက်မြန်အဆုတ် ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ နှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_Jan2021 Source: … Read more

Sign Up

Upcoming Events