လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၁)ရက်နေ့၌ တနင်္သာရီမြို့နယ်၊ မောတောင် မြို့၊ မြို့မရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့်အတူ (၁၉-၁-၂၀၂၁) ရက်နေ့ (၁၃:၁၅)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)