
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁- ၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် မှ (၁၆:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးရွာ၊ ပုရွက်ဆိတ်ကုန်းရွာ၊ လဲလုအိုင်ရွာ၊ နတ်သရဲကျေးရွာနှင့် ငကောင်းကံအုပ်စု၊ ငကောင်းကံရွာ၊ ဇောင်ချမ်း ကုန်းရွာ၊ ဝက်စုကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များ၊ သဘာဝဘေးအသိပညာပေးဗွီးနိုင်းပိုစတာများအား ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#npw_jan2021
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)