
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ အမျိုးသား သဘာဝဘေး အန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အထက(ခွဲ)ကျောင်းတွင် တည်ဆောက်မည့် သဘာဝဘေးဒဏ်ခိုလုံရာ School Cum Shelter အဆောက်အဦးမြေနေရာတွင် သံဃာတော်များမှမြေသန့် ကမ္မဝါရွတ်ဖတ်ခြင်း၊ ပရိတ်တရားနာခြင်းနှင့် ပန္နက်တင်ခြင်းအခမ်းအနားများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီခန့်ဥက္ကဌ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာမှတာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီတို့နှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#infar_dev
#sgg_jan2021