Author Archives: Department of Disaster Management
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ(၁၅:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်းဝကုန်းကျေးရွာ၊ တောင်ကုန်းကြီးကျေးရွာ၊ လိပ်ကွင်းကျေးရွာ၊ ချောင်းသာ ကျေးရွာ၊ မိဉီးကျေးရွာ၊ ကိုးဘိုကျေးရွာ၊ ရေဝေကျေးရွာ၊ ကုလားကုန်းကျေးရွာနှင့် ကြာနီကန်ကျေးရွာ များသို့သွားရောက်၍ COVID -19နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်၌ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာအုပ်စု၊ ဧကရာဇ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ်(၉)လုံးနှင့် လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၄၄၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာတို့အား(၁၄-၅-၂၀၂၀)ရက်နေ့ နေ့လယ်(၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ sgw #bgo_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာနှင့် ကတုံစိကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူ ကျေးရွာနှင့် ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအား ( ၁၄- ၅-၂၀၂၀) ရက်နေ့ သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_may2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၈:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ လွိုင်လင်မြို့l ပန်ခေါက်ဝိုးကျေးရွာ Covid-19 စစ်ဆေးရေးဂိတ်၌ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စုကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့၊နံနက် (၀၈:၃၀) နာရီ ချိန်မှ နေ့လည်(၁၂:၃၀)နာရီအချိန်ထိ ကော့ကရိတ်မြို့၊ မြပတိုင်ကျေးရွာ အုပ်စုအတွင်းရှိ မြပတိုင်ကျေးရွာ၊ တံတားကျေးရွာ၊ ကော့တိုင်းပြေကျေးရွာ၊ လန်းခိုဘိုင်းကျေးရွာ၊ ကော့လဘိုကျေးရွာ၊ နောင်ကီခက်ကျေးရွာ၊ နောင်မိကျေးရွာနှင့် ကော့ကလာင်ကျေးရွာတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့ စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူ ထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ၊ရပ်ကွက် (၇) ၊ ရပ်ကွက် (၈)နှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #shn_may2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာတွင် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၂း၂၅) အချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၀၂၉၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၄) အိမ်ထောင်စာတို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီချိန်မှ (၁၂:၃၀)နာရီထိ ကျိုက်ဒုံမြို့နယ် အမှတ်-၁၊ အမှတ်-၂ အမှတ်-၃၊ အမှတ်-၄၊ အမှတ်-၅၊ အမှတ်-၆ရပ်ကွက်များ၌ COVID-19ကူးစက်မြန်အဆုတ်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆင်ထိုးကျေးရွာ၊ ခပေါင်းတောကျေးရွာ၊ ရင်ရောင်းကျေးရွာတို့တွင် (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၄၀) နာရီအချိန်၌ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦ(၃)လုံး၊ ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၄)လုံး၊ စုစုပေါင်း(၅)လုံး၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀) ကျပ်၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၀,၀၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၆၁,၆၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး … Read more
