လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆင်ထိုးကျေးရွာ၊ ခပေါင်းတောကျေးရွာ၊ ရင်ရောင်းကျေးရွာတို့တွင် (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၄၀) နာရီအချိန်၌ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦ(၃)လုံး၊ ပြိုကျအိမ်‌ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၄)လုံး၊ စုစုပေါင်း(၅)လုံး၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀) ကျပ်၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၁၀,၀၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၆၁,၆၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာအား (၁၄-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ထီးလင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_may2020

Sign Up

Upcoming Events