Author Archives: Department of Disaster Management

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့၊  (၀၇:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာအုပ်စု အတွင်းရှိ ကင်းရွာနှင့် တောင်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်ကြီးကျေးရွာ၊ မော်ကြီးကျေးရွာ နှင့် ကြံတိုင်းအောင်ကျေးရွာတို့ တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon _may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့နှင့်(၁၄-၅-၂၀၂၀)ရက်နေ့တို့၌ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဖတ်နမ်ကျေးရွာအုပ်စုနှင့် ဟာဝမ်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်ပျက်စီးသွားခဲ့သည် အိမ်ခြေ(၁၉)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၁၉၇၀၀၀/-)ကျပ်အား (၁၆-၅-၂၀၂၀)ရက်နေ့ ( ၁၁.၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #shn_may2020

  • မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် (၉-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀၀၀၀/-)ကျပ်နှင့် သင်္ဃန်းဒွိစုံဖိုးထောက်ပံ့ငွေ (၁၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၅၀၀၀/-)ကျပ်ကို (၁၅-၅-၂၀၂၀) ရက်နေ့ (၁၇:၀၀)အချိန်တွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ fir #sgg_may2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ထားဝယ်စုရပ်၊ ကန်ကြီးရပ်၊ မြစ်ငယ်ရပ်တို့တွင် COVID_19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား သွားရောက် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_may2020

  • Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်း (ရာဒါကောင်း COC) ၊ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်း အင်ဂျန်ဒုံနှစ်ခြင်း၊ တပ်ကုန်း စံပြနှစ်ခြင်း IDPs စခန်းများသို့ ဆပ်ပြာခဲ(၁,၃၂၂)ခဲ၊ ထုံး(၄၀)အိတ်၊ လက်သန့်ဆေးရေ(၅၂၀)ဘူး၊ အပူချိန်တိုင်းကိရိယာာ(၃)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ တောင်ကုန်းကျေးရွာနှင့် အိုင်လျားကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အမိုးလန်နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ(၁၂၀)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅၂၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၇၇၀၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀)ရက်နေ့(၁၄း၃၀) အချိန်တွင် ဘေးဖြစ်ပွားရာနေရာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ sgw #sgg_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်/အမှတ်(၃)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘေးသင့် အိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၃၈၀၀၀၀/-) ကျပ်၊ လူဦးရေ(၂၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၅၀၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၃၄၀၀/-) ကျပ်ကို (၁၅-၅-၂၀၂၀)ရက်နေ့ (၁၆း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကောင်းမှုကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဓမ္မင်းဆိပ်ကျေးရွာတို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့ နယ်၊ ဟေမာန်ကျေးရွာအုပ်စု၊ နှာခေါင်းချောင်းလေးကျေးရွာနှင့် စိန်ပန်းကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၄) အိမ်ထောင်စာ တန်ဖိုး (၁၅၁,၀၁၂)ကျပ်၊ အိမ်ခြေ(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၉၆,၂၀၀)ကျပ်တို့ကို (၁၅-၅-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more

Sign Up

Upcoming Events