လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့နှင့်(၁၄-၅-၂၀၂၀)ရက်နေ့တို့၌ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဖတ်နမ်ကျေးရွာအုပ်စုနှင့် ဟာဝမ်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်ပျက်စီးသွားခဲ့သည် အိမ်ခြေ(၁၉)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၁၉၇၀၀၀/-)ကျပ်အား (၁၆-၅-၂၀၂၀)ရက်နေ့ ( ၁၁.၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#shn_may2020