Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့ နယ်၊ ကံထူးမအုပ်စု၊ အင်ရေအိုးကျေးရွာအနီးတွင် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကားတစ်စီး နှင့်တစ်စီး ဆီဘောက်ဆာအချင်းချင်း ဒီဇယ်ဆီခွဲထည့်စဥ် ဆီပိုက်ပြုတ်ထွက်ပြီး မြေပြင် ပေါ်သို့ ဆီများကျဆင်းသဖြင့် အပူချိန်ဖိအားကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့ ပြီး မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သည့် လူဦးရေ (၂) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံငွေ (၁၀၀,၀၀ဝ/-) ကျပ်အား (၂၂-၁-၂၀၂၁) ရက်နေ့၊ (၁၄:ဝဝ)နာရီအချိန်တွင် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်မှ နေ့လည် (၁၃:၀၀)နာရီချိန်ထိ ကော့သောင်းမြို့နယ်၊ အောက်ကြပ်(၁)ကျေးရွာနှင့် အောက်ကြပ်(၂)ကျေးရွာတို့၌ Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသံ ချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောင့်သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီချိန်မှ နေ့လည် (၁၁:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ ကမိုင်ကုန်းကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့၌ Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2021
-
လက်သန့်ဆေးရည်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀)ရက်နေ့ (၁၁:၃၅) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှု ဘဏ္ဍာရေးကော်မတီအတွက် Hand Sanitizer (၅၀) ဘူးတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_jan2021 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ အမှတ် (၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်တို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Hand Gel များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021
-
ခရိုင်ဦးစီးမှူးရုံးတည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရံပုံငွေဖြင့် ဆောက်လုပ်မည့် ပူတာအိုခရိုင်ဦးစီးမှူးရုံး (၆၀ x ၄၀ x ၂၈)ပေ RC(၂) ထပ်ဆောက်လုပ်မည့် မြေနေရာ၌ သံဃာတော်(၅)ပါးဖြင့် မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်မှုအား (၂၁-၁-၂၀၂၁) နေ့ မွန်းလွှဲပိုင်း (၁၅:၄၅) ချိန်တွင် တင်ဒါအောင်မြင်သောကုမ္ပဏီနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #infar_dev #kcn_jan2021
-
မီးဘေးအသိပညာပေးပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁)ရက်နေ့တွင် ကောလင်းမြို့ရှိ လူသွား၊ လူလာများသည့် အချက်အချာကျသော ရွှေမင်းဝံလမ်းမကြီး၊ လမ်း(၁၀) လမ်းထောင့်၊ မြို့မ-မြို့ကုန်းရပ်ကွက်၌ (၉x၆) ပေ မီးဘေးအသိပညာပေး ပိုစတာ စိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_jan2021 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် မြောက်ဦးမြို့၊ ရန်ကုန်-စစ်တွေလမ်းမကြီး၊ ဦးဥတ္တမပန်းခြံဘေးဘက်၊ လမ်းဆုံထောင့်၌ မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jan2021 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများသို့အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာ၌ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေး ဆော်သြခြင်း၊ (မြေပြိုဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ဘေးကင်းလုံခြုံ) အသိပညာပေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း၊ Mask များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_jan2021
