
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာ၌ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေး ဆော်သြခြင်း၊ (မြေပြိုဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ဘေးကင်းလုံခြုံ) အသိပညာပေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း၊ Mask များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#chn_jan2021