Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆပ်ပြာခဲ၊ ထုံးအိတ်၊ လက်သန့်ဆေးရည်နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားAG၊ မိုင်းနားကက်သလစ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားလဝမ်၊ ဝိုင်းမော်မှုရင်းနှစ်ခြင်း၊ မဒိန် KBC၊ ဝိုင်းမော် မြို့မနှစ်ခြင်း၊ လဝေါ်အေဂျီ၊ လဝေါ်နှစ်ခြင်း၊ ဝိုင်းမော်လီဆူနှစ်ခြင်း၊ ခတ်ချိုအလယ်ပိုင်း(ကွက်သစ်)၊ နောင်ဟီး  IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆပ်ပြာ(၄,၆၄၇)ခဲ၊ ထုံး(၁၂၀)အိတ်၊  လက်သန့်ဆေးရည်(၂,၂၁၂)ဘူး၊ အပူချိန်တိုင်းကိရိယာ(၁၀)ခု တို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source:           … Read more

  • COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင် အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အနောက်ကန်ဘောင်ကျေးရွာ၊ ဆင်ကျုံးကျေးရွာ၊ ကူတိုကျေးရွာ၊ ရွှေဘုံသာကျေးရွာနှင့် ဆင်ဖြူကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်များအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ၊ တောင်ခင်ရန်းကျေးရွာ၊ တော်ဝင်ကျေးရွာ၊ သာလင်းကျေးရွာ၊ ကုန်းရွာကျေးရွာတို့တွင် (၁၈-၅-၂၀၂၀) ရက်နေ့(၁၈:၃၀)နာရီအချိန်၌ မိုးသက် လေပြင်းများ တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၈,၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၄၄၈,၃၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ … Read more

  • လေဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘိုက​လေးမြို့နယ်၊ သုံထပ်​ကျေးရွာအုပ်စု၊ ဘဝသစ်​ကျေးရွာတွင် ​အောင်​ဇေယျဝတီဘုန်းကြီး​ကျောင်းအမိုးလန်ပျက်စီးခဲ့ခြင်းအတွက် ​ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀ဝိ/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဘိုက​လေးမြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံးတွင်အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ဘုန်းကြီး​ကျောင်းကပ္ပိရထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_may2020 Source:       ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် ပေါက်လေးပင်ကျေးရွာတို့တွင် (၁၈-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွား ခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၁၄) ဦးအတွက် ဆန်ရိက္ခါဖိုး (၇) ရက်စာ (၂၉,၄၀၀/-) ကျပ်၊ ဓမ္မာရုံ (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more

  • COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ဇေယျာသီရိ (၁) ရပ်၊ ရာပြည့်ရပ်၊ ရွှေပြည်တန်ရပ်တို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၌ (၁၁-၅-၂၀၂၀) ရက်‌နေ့၌ ပြည်သာယာရပ်ကွက်တွင် လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ (၁၈-၅-၂၀၂၀) ရက် နေ့၌ မုန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ စုစုပေါင်းအိမ်ခြေ (၂) လုံး၊ အိမ်‌ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း (၇၇,၉၀၀) ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၁၄,၇၀၀)ကျပ်တို့ကို … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇/၁၈-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၄)စု ၊ ကျေးရွာ(၅)ရွာ တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၅၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၅၅၀၀)ကျပ်အား (၁၉-၅-၂၀၂၀)ရက်နေ့ (၁၅းဝဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_may2020 Source:       မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁၉-၅-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိ မော်လမြိုင် ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာအုပ်စုအတွင်းရှိ လင်းဇွဲကျေးရွာ၊ မဲဇလီကျေးရွာ၊ ကျောင်းအမကျေး ရွာနှင့် ကနီကျေးရွာများတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများ သိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more

Sign Up

Upcoming Events