ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ၊ တောင်ခင်ရန်းကျေးရွာ၊ တော်ဝင်ကျေးရွာ၊ သာလင်းကျေးရွာ၊ ကုန်းရွာကျေးရွာတို့တွင် (၁၈-၅-၂၀၂၀) ရက်နေ့(၁၈:၃၀)နာရီအချိန်၌ မိုးသက် လေပြင်းများ တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၈,၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၄၄၈,၃၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် (၁၉-၅-၂၀၂၀) ရက် နေ့(၁၃:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)