လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၌ (၁၁-၅-၂၀၂၀) ရက်‌နေ့၌ ပြည်သာယာရပ်ကွက်တွင် လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ (၁၈-၅-၂၀၂၀) ရက် နေ့၌ မုန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၁) လုံး၊ စုစုပေါင်းအိမ်ခြေ (၂) လုံး၊ အိမ်‌ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း (၇၇,၉၀၀) ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၁၄,၇၀၀)ကျပ်တို့ကို (၁၉-၅-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events