Author Archives: Department of Disaster Management
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့ (၀၈း၃၀) နာရီအချိန်မှ (၁ရး၃၀)နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်/ အထွက် စီးနင်း လိုက်ပါလာသောခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထား၀ယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ မင်းဒပ်ကျေးရွာ၊ ချခတ္တပင်အင်းကျေးရွာ၊ ရလိုင်ကျေးရွာတို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_may2020
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ လီဆူနှစ်ခြင်းဘောဒါ IDPစခန်းရှိ အိမ်ထောင်စု(၁၁၃)စု၊ လူဦးရေ(၆၄၉)ဦးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ hand speaker (၁)ခု၊ memory stick (၁) ခု၊ ဘေစင် (၂) စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၆၄၉)ခဲနှင့် လက်သန့်ဆေးရည်(၂၂၆)ဗူး၊ အဝတ်mask (၁၂၉၈)ခုနှင့် ဗန်းမော်မြို့၊ နှစ်-၂၀၀၀ IDPစခန်းရှိ အိမ်ထောင်စု(၂၃၆)စု၊ လူဦးရေ(၁၁၅၉)ဦးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ hand … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၀-၅-၂၀၂၀)ရက်နေ့တွင် အုတ်ရှစ်ကုန်းကျေးရွာအုပ်စုရှိ ကြပ်ခေါင်း ကျေးရွာ၊ ကပိုင်တောင်ကျေးရွာ၊ ကပိုင်မြောက်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မရင်းကုန်းကျေးရွာများနှင့် ချင်းချောင်အုပ်စုရှိ မတောင့်တကျေးရွာ၊ စမ်းတွင်းချောင်ကျေးရွာ၊ မိတ်သလင်ကျေးရွာ၊ တောင်ပေါ်ကုန်းကျေးရွာ၊ တောင်ပို့ကြီးချောင်ကျေးရွာ များအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများအလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့ နံနက်(၁၀:၃၀) အချိန်မှ ညနေ(၁၅:၃၀)အချိန်အထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု၊ သောကြာကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးဗီနိုင်းများကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
IDPs စခန်းများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ handgel၊ Maskများ ပေးအပ်ခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာကပ်ခြင်းများဆောင်ရွက်နေစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) ပန်ကူ အိမ်ထောင်စု (၁၀၅)၊ လူဦးရေ(၆၃၆)တို့အတွက် လူတစ်ဦးလျှင် အဝတ်masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်းဖြင့် စုစုပေါင်းအဝတ်masks(၁၂၇၂)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂၁၀)ဗူး တို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့်ပက်သက်၍ စနစ်တကျအသုံးပြုနည်းဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့ဦးရပ်ကွက်၊ မြို့လှရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့သာယာရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မကျီးကန်ကျေးရွာ၊ မလွှတောင်ချိုကျေးရွာ၊ စမ်းစုရွာသစ်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်နှိုးဆော်ခြင်းနှင့် ချောက်မြို့နယ်အတွင်းရှိ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့်ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းထိဒဏ်ရာရ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့(၁၈း၁၅)နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ ဆန်းဂမ်ကျေးရွာအနီး၊ တာပိန်မြစ်ဘေး၌ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာနေပြည်သူ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိုမိုင်းနင်းမိ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)ကို (၂၀-၅-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်း၊ Mask Campaign ပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာဝေငှခြင်းများပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂ဝ-၅-၂၀၂၀) ရက်နေ့ (၀၈:ဝ၀) နာရီအချိန်မှ (၁၄:ဝဝ) နာရီအချိန်ထိ ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ရေချိုကြီး ကျေးရွာ၊ စံပြရေချိုကျေးရွာ၊ ရေချိုကွက်သစ်ကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များပန်ကြားခြင်း၊ အသိပညာ ပေးဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
