Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်း၊ Mask Campaign ပြုလုပ်ခြင်းနှင့် ဗီနိုင်းပိုစတာဝေငှခြင်းများပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂ဝ-၅-၂၀၂၀) ရက်နေ့ (၀၈:ဝ၀) နာရီအချိန်မှ (၁၄:ဝဝ) နာရီအချိန်ထိ ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာအုပ်စု၊ ရေချိုကြီး ကျေးရွာ၊ စံပြရေချိုကျေးရွာ၊ ရေချိုကွက်သစ်ကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များပန်ကြားခြင်း၊ အသိပညာ ပေးဗီနိုင်းပိုစတာများဝေငှခြင်းနှင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar
#mgy_may2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events