Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့ နံနက်(၁၀:၃၀) အချိန်မှ ညနေ(၁၅:၃၀)အချိန်အထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ​ဒေးဒရဲမြို့နယ်၊ ​သောကြာကျေးရွာအုပ်စု၊ ​သောကြာကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးဗီနိုင်းများကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_may2020

Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events