လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့(၁၈း၁၅)နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ ဆန်းဂမ်ကျေးရွာအနီး၊ တာပိန်မြစ်ဘေး၌ မိုင်းနင်းမိပေါက်ကွဲခဲ့ရာ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာနေပြည်သူ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိုမိုင်းနင်းမိ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)ကို (၂၀-၅-၂၀၂၀)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_may2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)