Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုူသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနများသည် (၂၅-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ (ဇဝဲရွာမ၊ ဒူးကျိုး၊ လေးမိုင်၊ ဆင်ဒင်၊ ပြင်ဝန်း၊ ဆန်းသစ်၊ ရေခမ်းချောင်း) ကျေးရွာများတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ mask များဝေငှခြင်း၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသောသဘာဝဘေးအသိပညာပေး ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အတူ ဆောင်ရွက်ခဲ့ရှိပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်၊ (ထိန်ကန်၊ ကြို့ပင်၊ တွင်းလပ်၊ ကုန်းကြီး) ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပေပင်တိုက်ကျေးရွာအုပ်စု၊ ချောင်းဦးတိုကျေးရွာရှိ အိမ်ခြေ (၉၇) အိမ်၊ လူဦးရေ (၄၉၉) ဦးတို့အတွက် သောက်သုံးရေ ဂါလံ(၃၆၀၀) အား ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သိုလှောင်ရုံဆောက်လုပ်မည့်နေရာအားမြေသန့်မင်္ဂလာ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရံပုံငွေဖြင့် ဆောက်လုပ်မည့် ရွှေဘိုခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံ (၆၀ x ၄၀ x ၁၄) ပေ RCC (၁) ထပ်ဆောက်လုပ်မည့် မြေနေရာ၌ သံဃာတော်(၅)ပါးဖြင့် မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်မှုအား (၂၃-၁-၂၀၂၁) နေ့ မွန်းလွှဲပိုင်း (၁၅:၀၀) အချိန်တွင် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #warehouse #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွင်းဆင်းတိုင်းတာစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ခင်ဦးမြို့နယ်ဦးစီးမှူးရုံးမြေနေရာအား ခင်ဦးမြို့နယ်၊ မကျီးတုံကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၂၅၀၅) (ကြိုးကြာကန်ကွင်း)၊ မြေကွက်အမှတ် (../၉၅၃)၊ ဧရိယာ (ဝ.၇၀) ဧကရှိမြေနေရာကို မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း တိုင်းတာခြင်း၊ ယာယီအမှတ်အသားတိုင်များ စိုက်ထူထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #office_dev #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၄၂×၂၄) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း ခြေတံရှည်ပင်မ ကျောင်းဆောင်အောက်ရှိ ဝေယျာဝစ္စထည့်ထားသော သေတ္တာပုံးအတွင်း၌ ပျားအုံဝင် ရောက်ပြုလုပ်နေပါသဖြင့် ကျောင်းထိုင်ဆရာတော်မှ အုန်းခွံမီးရှို့၍ ပျားများထွက်ပြေးစေ ရန်ထားရှိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် သံဃာတော် (၁) ပါးအတွက် သင်္ကန်းဖိုးထောက်ပံ့ငွေ (၃၅,၀၀၀/-) … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းရင်းသားရေးရာဝန်ကြီး၊ ထား၀ယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများနှင့်အတူ (၂၂-၁-၂၀၂၁) ရက်နေ့ (၁၀:၃၀) အချိန်တွင် ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ထား၀ယ်မြို့နယ်၊ အမြှားကျေးရွာအုပ်စုရှိ အင်း တပုံ၊ မင်းငို့၊ ထောမင်းဖြိုးနှင့် ထောမကျေးရွာရှိအိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၇၁၀) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၆၃.၉) သိန်းတန်ဖိုးရှိ ဆန်ရိက္ခာ (၁) လစာ အိတ်ပေါင်း (၇၁၀) … Read more
-
COVID-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ် ပကာရီကျေးရွာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင် ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #tny_jan2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စုတွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေ ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2021 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းထိန်းနံရံဆောက်လုပ်ရန်ကွင်းဆင်းလေ့လာစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ၊ လက်ပံခုံကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကာ ကမ်းပါးများပြိုကျလာမှုကြောင့် ကမ်းထိန်းနံရံ ဆောက်လုပ် ရန် ကျေးရွာမှတင်ပြလာမှုအား (၂၂-၁-၂၀၂၁) ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁) ဦးအေးဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းလေ့လာကြည့်ရှူ့ခဲ့ပါကြောင်း သတင်း ပေးပို့အပ်ပါသည်။ #ha_rbe #bgo_jan2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
