
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနများသည် (၂၅-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ (ဇဝဲရွာမ၊ ဒူးကျိုး၊ လေးမိုင်၊ ဆင်ဒင်၊ ပြင်ဝန်း၊ ဆန်းသစ်၊ ရေခမ်းချောင်း) ကျေးရွာများတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ mask များဝေငှခြင်း၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသောသဘာဝဘေးအသိပညာပေး ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းတို့ကို မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အတူ ဆောင်ရွက်ခဲ့ရှိပါကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_jan2021