ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းရင်းသားရေးရာဝန်ကြီး၊ ထား၀ယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများနှင့်အတူ (၂၂-၁-၂၀၂၁) ရက်နေ့ (၁၀:၃၀) အချိန်တွင် ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ထား၀ယ်မြို့နယ်၊ အမြှားကျေးရွာအုပ်စုရှိ အင်း တပုံ၊ မင်းငို့၊ ထောမင်းဖြိုးနှင့် ထောမကျေးရွာရှိအိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၇၁၀) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၆၃.၉) သိန်းတန်ဖိုးရှိ ဆန်ရိက္ခာ (၁) လစာ အိတ်ပေါင်း (၇၁၀) နှင့် Hygiene kit ပုံး (၅၀) တို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါပြီး Mask များနှင့် သဘာ၀ဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_jan2021
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events