Author Archives: Department of Disaster Management

  • COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၆-၅-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၆-၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ (၁၅/၁၆/၁၇/၁၈/၁၉/၂၀/၂၅)ရပ်ကွက်၊ ဇီးကုန်းကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ လှော်ကားကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အသိပညာပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_may2020   Source:           ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး- ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက် ၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ အေးချမ်းသာအုပ်စု၊အောင်ချမ်းသာကျေးရွာ၊ အေးချမ်း သာကျေးရွာ၊ အုတ်ဖိုဇောင်းကျေးရွာ၊ လက်ပံတန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာများအတွင်း ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_may2020

  • (COVID-19) ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၂၄-၅-၂၀၂၀) ရက်နေ့၊ ညနေ (၁၇:၃၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ပလက်မြို့နှင့် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်း (၂၀) ခုအတွက် ဆမီးမြို့၌ COVID -19 ရောဂါ ကာကွယ်တားဆီးရေးပစ္စည်းများဖြစ်သည့် Mask, Hand Sanidizer, Memory Stick, Infrared Termometer, Hand Speaker, ထုံးအိတ်နှင့် … Read more

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀)ရက်နေ့၊ (၁၃:၁၀) နာရီအချိန်ခန့်၌ လွိုင်လင်မြို့နယ်၊ နမ့်ထမိုကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးသွားခဲ့သော လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀,၀၀၀/-)ကျပ်ကို (၂၆-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_may2020

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၆.၅.၂၀၂၀)နေ့ မြိတ်မြို့နယ် ပင်းအိုအုပ်စု၊ လက်ခုပ်တောင်၊ ရှင်မြတ်တောင်၊ ဘန်ချင်းတောင်၊ ပင်းအိုအနောက်၊ ပင်းအိုအရှေ့နှင့် သဘွတ်အုပ်စ​ြ သဘွတ်၊ ဝန်မယ်၊ ပရည်တောင်ကျေးရွာများတွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_may2020 Source:           မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးအုန်းသီး(တဲတိုက်)၊ ဦးဝဲ(တဲတိုက်)၊ အရှေ့မြောက်ကုန်း(တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ် ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၆- ၅-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာတန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ စတင်၍ ပုသိမ်ခရိုင်၊ ကန်​ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာအုပ်စု၊ ကျုံကြီးကျေးရွာ၊ ငုကိုင်းကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ကျူချောင်းကျေးရွာ၊ လယ်တီကျေးရွာနှင့် ကျွဲလမ်းချောင်ကျေးရွာတို့၌လည်းကောင်း၊ ကျိုက်လတ်ကျေးရွာအုပ်စု၊ ကျိုက်လတ်ကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ မယ်ဒွေးချောင်းကျေးရွာနှင့် ပျဉ်းကတိုးချောင်ကျေးရွာတို့၌လည်း​​ကောင်း၊ ရေတွင်းကုန်းကြီးကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာ၌ လည်းကောင်း၊ အထက်တံခွန်တိုင်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာ​ပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ayy_may2020 Source:           ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာတန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဟင်္သာတမြို့နယ်၊ မရိုးသောင်အုပ်စု၊ (မရိုးသောင်၊ ထန်းလေးပင်၊ သရက်အုပ်လေး၊ ဘုရားကုန်း၊ လယ်တီရိုးတန်း)ကျေးရွာများနှင့် ဇလွန်မြို့နယ်၊ (ကတော့ကရက်၊ စွံပိ)အုပ်စု၊ ဘုရားဖြူ၊ ကတော့ကရက်၊ ခင်ပြည့်၊ စွံပိ၊ ကျီးသုံးပင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို အသိပညာ​ပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ayy_may2020 Source:           … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၆-၅-၂၀၂၀) ရက်နေ့တွင် ထန်းပင်ကန်ကျေးရွာအုပ်စုရှိ တာနားကျေးရွာ၊ ထန်းပင်ကန်ကျေးရွာ၊‌ ရွှေလှေကွင်းကျေးရွာနှင့်ဆုံ ကုန်းကျေးရွာအုပ်စုရှိ ရွှေဥဒေါင်းကျေးရွာ၊ တံတားဦးကျေးရွာ၊‌ ညောင်စုကျေးရွာများ၌ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန် အချက်အလက်များကို ​ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့​​ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events