လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာတန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ စတင်၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာအုပ်စု၊ ကျုံကြီးကျေးရွာ၊ ငုကိုင်းကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ကျူချောင်းကျေးရွာ၊ လယ်တီကျေးရွာနှင့် ကျွဲလမ်းချောင်ကျေးရွာတို့၌လည်းကောင်း၊ ကျိုက်လတ်ကျေးရွာအုပ်စု၊ ကျိုက်လတ်ကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ မယ်ဒွေးချောင်းကျေးရွာနှင့် ပျဉ်းကတိုးချောင်ကျေးရွာတို့၌လည်းကောင်း၊ ရေတွင်းကုန်းကြီးကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာ၌ လည်းကောင်း၊ အထက်တံခွန်တိုင်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)