သောက်သုံးရေဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးအုန်းသီး(တဲတိုက်)၊ ဦးဝဲ(တဲတိုက်)၊ အရှေ့မြောက်ကုန်း(တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ် ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၆- ၅-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_drg

#mgy_may2020

Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events