Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ဘောတလင်းကုန်းကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာအုပ်စု၊ အရှေ့ထန်းတပင်ကျေးရွာ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကုန်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ရုံးပင်လေးကျေးရွာ၊ လယ်တီလေးကျေးရွာ၊ ကြိုးကြာကွင်းကျေးရွာ၊ မရမ်းကုန်းကျေးရွာ၌(၂၈-၅-၂၀၂၀)တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၆)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀ဝိ/-)၊ လူဦးရေ(၇၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၅၅၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၃၅၅၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆.)မျိုး (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)အား (၃၀-၅-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_may2020 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ကန်ချောင်ကျေးရွာအုပ်စု၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ဝါးရုံလဟာကျေးရွာအုပ်စု၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကညင်ဂွကျေးရွာအုပ်စု၊ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ဗထူးလမ်းနှင့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ကွင်းလျားကျေးရွာအုပ်စု၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ မြက်တိုကျေးရွာအုပ်စုတို့တွင်(၂၈.၅.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၉၁၀၀၀ဝိ/-)၊ ပြိုကျ/ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀၀၀ဝိ/-)၊ စုစုပေါင်းလူဦးရေ(၁၀၂)ဦးအတွက်(၇)ရက်စာရန်ပုံငွေ(၂၁၄၂၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၆)အိမ်ထောင်စာ(၂၀၈၅၁၈/-)နှင့် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၇၂၄၂၀ဝိ/-)အား (၃၀.၅.၂၀၂၀)ရက်နေ့ (၀၉:၀၀ နာရီမှ (၁၇:၃၀)နာရီအတွင်း တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_may2020 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • school cum shelter တည်ဆောက်ပြီးစီးမှုအခြေအနအားစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့နှင့်လွှတ်‌တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ(၃၁-၅-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြစ်Excellent Unity ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော လပွလပွတ္တာမြို့နယ်၊ ဆားချက်‌ကျေးရွာအုပ် စု၊ ဘိုသင်ကုန်းကျေးရွာမှ school cum shelter တည်ဆောက်မှု ၁၀၀% တည်ဆောက်ပြီးစီးမှု အခြေအနေအားသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ #infra_dev #ayy_may2020

  • မီးဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၌ (၂၁.၅.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျဉ်ထောင်/သွပ်မိုး(၂)ထပ် နေအိမ်လုံးဝပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/)နှင့် ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၀၄၂၀၀/-) ကို (၃၀.၅.၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #rke_may2020 Source:           သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှုးရုံး၊ (၂၉.၅.၂၀၂၀) ရက်နေ့မောတောင်မြို့အမှတ် (၁၊ ၂၊ ၃၊ ၅၊ ၆၊ ၈၊ ၉)၊ မြို့မ (၁၊ ၂)ရပ်ကွက်များတွင် covid-19 အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာများကပ်တို့ကို မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ စည်ပင်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များနှင့်အတူ နံနက်(၈း၀၀)အချိန်မှ ညနေ (၁၆း၃၀)အချိန်ထိဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_may2020 Source:           တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၂၀)နေ့တွင် ဧရာဝတီမြစ်ရေမြင့်လာသောကြောင့် ဆိပ်ကမ်း၊ ကားဂိတ်၊ view point စသည့်နေရာတို့တွင် ရေဘေးပိုစတာများကပ်ခြင်း၊ ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_may2020 Source:           ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂၀၀ )နာရီထိ ဇလွန်မြို့နယ်၊ ဗျင်းညားအုပ်စု၊ (ဗျင်းညား၊ အရှေ့စု၊အလယ်စု၊ဗျင်းညားကြီး) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ဗြတ်ဝိသားကျေးရွာ၊ အလယ်ကုန်း‌ကျေးရွာနှင့် ဝင်းကဖော်‌ကျေးရွာတို့တွင် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (မဒေါ့တလုတ်ကုန်း၊ မွှေးလုံး၊ ဇုက္ကနိ၊ ရိုးကြီး၊ ကိုင်းတောကွင်း၊ သဲဖြူ(ယုန်)၊ ဘေးချောင်၊ ရှားဖြူကုန်း)အုပ်စု (၈)စုရှိ ကျေးရွာခွဲ (၁၆)ရွာတို့တွင် (၂၈.၅.၂၀၂၀)ရက်နေ့ ဖြစ်ပွါးခဲ့သော လေဘေးသင့် အိမ်ခြေ(၇၃)လုံး၊ (ပြို. ၂၊ လန်. ၇၁)၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ လူဦးရေ (၂၆၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၂၃၁၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၅၅၀၂၀၀)ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျပ်(၅၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၉၁၀၂၀၀)ကို (၂၉.၅.၂၀၂၀)ရက်နေ့၊ (၁၆:၃၀)နာရီချိန်တွင် လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ … Read more

Sign Up

Upcoming Events