Author Archives: Department of Disaster Management

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၆-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် သောက်သုံးရေအခက်အခဲရှိသော လယ်ဝေးမြို့ နယ်၊ အောင်သာကျေးရွာအုပ်စု၊ အိမ်ခြေ(၂၀) ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၂၄၂) ဦးအတွက် သောက်ရေသန့်(၂၀) လီတာဘူး (၁၂၀) ဘူးအား သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့ (၁၆:၄၅)နာရီတွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ကျေးရွာ၌ ဖြစ်ပွားသော မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀ဝ/)ကျပ်၊ ဒဏ်ရာရရှိသူ(၅)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၂၅၀၀၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၈၅၀,၀ဝဝ/-)ကျပ်နှင့် ရေဦးမြို့နယ်သဘာဝဘေး ရန်ပုံငွေမှ သေဆုံးသူနှင့်ဒဏ်ရာရရှိသူ(၇)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် (၃၅၀၀၀ဝ/-)ကျပ်တို့အား (၄-၆-၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ရေဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်၊ ကပ်ကျေးအင်းကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ် နေခြင်းအတွက် သောက်သုံးရေဂါလန်(၁၇၀၀)အား သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: : မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_jun2020

  • COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၄-၆-၂၀၂၀)ရက်နေ့(ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူး စက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်တွင် စီးနင်းလိုက်ပါလာသောခရီးသည် များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jun2020

  • မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကမာဘာကျေးရွာအုပ်စု၊ ကဇင်း‌ကျေးရွာ၌ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်အား (၄-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #bgo_jun2020

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၄-၆-၂၀၂၀)ရက်နေ့ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ငါးထပ်ကြီးအနောက်ရပ်ကွက်၊ ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_jun2020 Source:           ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး-ဘစမ)

  • lDPsစခန်းများ၌ (Covid-19)ရောဂါကာကွယ်​ရေးနှင့်ပတ်သက်၍ handspeaker နှင့် memory stick ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ (၃.၆.၂၀၂၀)ရက်နေ့ ​နမ့်ခမ်းမြို့နယ်အတွင်းရှိ ​ဂျော်(၁)စခန်း၊ ​​နေဝန်းနီစခန်း၊ စိန့်သောမတ်စ်စခန်းစသည့် IDP(camps) (၃)ခုအတွက် စခန်း(၁)ခုလျှင် handspeaker(၁)ခုနှင့်memory stick(၁)ခုစီတို့အားထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_jun2020 Source:           မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃) အုပ်စု ကြာအင်း၊ ဆုံလဲ၊ မဲကုန်း ကျေးရွာခွဲ (၃) ရွာတွင် (၂-၆-၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀,၀၀ဝ/-) ကျပ် လူဦးရေ (၁၂) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ် စုစုပေါင်းရန်ပုံငွေ (၂၃၅,၂၀ဝ/-) … Read more

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၌ လွိုင်လင် မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်(၅)လုံး အမိုးလန်သွားပြီး လူဦးရေ(၂၁)ဦး လေဘေးဒဏ် ခံစားခဲ့ရသောကြောင့် လူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၄၅၀၀၀၀/-) ကျပ်အား မြို့နယ် အုပ်ချုပ်ရေးမှူး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၄-၆-၂၀၂၀)ရက်နေ့၊ (၈:၃၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_jun2020

Sign Up

Upcoming Events